logo Myan Ball

logo

Myan Ball

Update News
-
MM

ဘာစီလိုနာအသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား ပတ်ဒရီဟာ ဖရန့်ဖတ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ယခုနှစ်ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အတွက် စံချိန်တင်ပွဲအရေအတွက်ကို ကစားခဲ့ရတာဖြစ်ပြီး ယခုနှစ်အစောပိုင်းမှာတော့ ဒဏ်ရာရရှိသွားခဲ့ပြီး ကာလရှည်ကြာအနားယူခဲ့ရပါတယ်။ အဲဒီတံကောက်ကြောဒဏ်ရာဟာ ပတ်ဒရီကို ဆက်လက်ဒုက္ခပေးခဲ့ကာ အခုတော့ လက်ကျန်ပွဲစဉ်တွေကို ကစားနိုင်ဖို့ မသေချာတော့တဲ့အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပတ်ဒရီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ဇာဗီက "ပတ်ဒရီရဲ့ဒဏ်ရာကို ကျွန်တော်အရမ်းစိတ်ပူပါတယ်။ သူ့ရဲ့ဒဏ်ရာဟာ ကျွန်တော်တို့အတွက်တော့ တကယ့်သတင်းဆိုးပါပဲ"လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒဏ်ရာအခြေအနေကို ယခုတစ်ပတ်အတွင်းမှာ စစ်ဆေးမှုတွေထပ်မံပြုလုပ်ရဖု့ိရှိနေပြီး အဆိုပါဆေးစစ်ချက်အဖြေရရှိမှသာ အနားယူရမယ့်ကာလကို သိရှိရမှာဖြစ်ပါတယ်။