logo Myan Ball

logo

Myan Ball

Update News
-
MM

ကွာဒရာဒိုကို စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂျူဗင်တပ်စ်

2 months ago
ဂျူဗင်တပ်စ်အသင်းဟာ ဝါရင့်တောင်ပံကစားသမား ကွာဒရာဒိုကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွာဒရာဒိုဟာ ၂၀၁၅-၁၆ ခုနှစ်ကနေ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတာဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာတော့ ၇ ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံမှာ ၂၆၂ ပွဲကစားကာ သွင်းဂိုး ၂၄ ဂိုးသွင်းပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ စာချုပ်သစ်အရ ကွာဒရာဒိုဟာ လာမယ့်ဘောလုံးရာသီကုန်အထိ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။...

ဖရန့်ဖတ်နဲ့ပွဲကဒဏ်ရာကြောင့် ရာသီကုန်ထိအနားယူရနိုင်ဖွယ်ရှိနေတဲ့ ပတ်ဒရီ

2 months ago
ဘာစီလိုနာအသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား ပတ်ဒရီဟာ ဖရန့်ဖတ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ယခုနှစ်ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အတွက် စံချိန်တင်ပွဲအရေအတွက်ကို ကစားခဲ့ရတာဖြစ်ပြီး ယခုနှစ်အစောပိုင်းမှာတော့ ဒဏ်ရာရရှိသွားခဲ့ပြီး ကာလရှည်ကြာအနားယူခဲ့ရပါတယ်။ အဲဒီတံကောက်ကြောဒဏ်ရာဟာ ပတ်ဒရီကို ဆက်လက်ဒုက္ခပေးခဲ့ကာ အခုတော့ လက်ကျန်ပွဲစဉ်တွေကို ကစား...

ရှောင်ဒိုက်ကို ထုတ်ပယ်လိုက်ပြီဖြစ်တဲ့ ဘန်လေ

2 months ago
ဘန်လေအသင်းဟာ နည်းပြဖြစ်သူ ရှောင်ဒိုက်ကို ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ ရှောင်ဒိုက်ဟာ ဘန်လေအသင်းကို ကာလရှည်ကြာကိုင်တွယ်ခဲ့သူတစ်ဦးဖြစ်ပြီး ဒီနှစ်မှာတော့ ပွဲစဉ် ၃၁ အပြီးမှာ အဆင့် ၁၉ အထိရောက်နေခဲ့တာကြောင့် ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်လူမျိုးနည်းပြ ရှောင်ဒိုက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဘန်လေအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်လာခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးနည်းပြလည်းဖြစ်နေခဲ့တာပါ။ အခုတော့ ဆယ်နှစ်တာဇာတ်လမ်းဟာ အဆုံးသတ်သွားခဲ့ရပြ...

၂၀၂၂ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲ

2 months ago
သုံးယောက်တန်းတိုက်စစ်တွေထဲမှာတော့ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးလ်တိုက်စစ်အတွဲဟာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်တစ်ရာသီလုံးမဟုတ်ဘဲ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ကြည့်မယ်ဆိုရင်တော့ ကွန်တီကိုင်တွယ်နေတဲ့ စပါးအသင်းရဲ့ တိုက်စစ်ရဲသုံးဖော်ကို ညွှန်ပြရပါ့လိမ့်မယ်။၂၀၂၂ ခုနှစ်အတွင်းမှာတော့ ကူလူဆက်ဗ်စကီးဟာ ၃ ဂိုးသွင်း ၆ ကြိမ်ဖန်တီးကာ သွင်းဂိုး ၉ ဂိုးနဲ့ တိုက်ရိုက်ပတ်သက်ထားသလို ဟာရီကိန်းကလည်း ၈ ဂိုးသွင်း ၇ ကြိမ်ဖန်တီး၊ ဆွန်ကလည်း ၉ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးထားခဲ့ပါတယ်။ သူတို့ဟာ ဒီညနေ ၆ နာရီမှာတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှ...

စီးရီးအေချန်ပီယံဆုအတွက် အပြိုင်လုမယ့် မီလန်မြို့သားများ

2 months ago
ဒီနေ့မနက်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်တွေမှာတော့ အေစီမီလန်အသင်းက ဂျီနိုအာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အင်တာမီလန်ကလည်း စပီဇီယာကို အဝေးကွင်းမှာ ၁ - ၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အေစီမီလန်ဟာ ၃၃ ပွဲကစားပြီးချိန်မှာ ၇၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အင်တာကတော့ တစ်ပွဲလျော့အနေအထားနဲ့ ၃၂ ပွဲကစားကာ ၆၉ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ အင်တာမီလန်အနေနဲ့ လက်ကျန်ပွဲကိုသာအနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်မှတ်အသာနဲ့ ဇယားထိပ်ကို ပြန်ရောက်လာမှာဖြစ်ပါတယ်။ ရာသီကုန်ဖို့ကလည်း ၅ ပွဲသာလိုတော့တာကြောင့် အင်တာမီလန်ကပဲ ချန်ပီယံဆုကို ...

ဟာလန်းနဲ့ အမ်ဘတ်ပေတို့ကိုခေါ်ယူဖို့မကြိုးစားတော့ဘဲ အူဘာမီယန်းကို စာချုပ်သစ်ချုပ်မယ့် ဘာစီလိုနာ

2 months ago
ဘာစီလိုနာအသင်းဟာ အမ်ဘတ်ပေနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးစားသွားတော့မှာမဟုတ်ဘဲ လာမယ့်ရာသီ နံပါတ် ၉ တိုက်စစ်နေရာအတွက် အူဘာမီယန်းကို ဆက်လက်အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ဒါရိုက်တာက "အူဘာမီယန်းဟာ လာမယ့်ရာသီမှာ ဘာစီလိုနာရဲ့ နံပါတ် ၉ နေရာမှာ ကစားသွားပါ့လိမ့်မယ်၊ အူဘာရဲ့ စွမ်းဆောင်ရည်ကောင်းတွေအတွက် ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်၊ အပြောင်းအရွှေ့တွေအကြောင်းကို ပြောရရင်တော့ ကျွန်တော်တို့ဟာ တခြားအသင်းနဲ့ စာချုပ်ရှိနေတဲ့ကစာသမားတွေရဲ့အကြောင်းကို ပြောဦးမှာမဟုတ်ပါဘူး။ဒါဟာ ကျွန်တော်တို့ရဲ့ပုံစံဟုတ်မ...

ဝက်စ်ဟမ်းကထွက်ခွာချိန်မှာ မန်ယူနဲ့အခြားအသင်းကြီးတွေရဲ့ကမ်းလှမ်းမှုတွေကို ငြင်းဆိုခဲ့ကြောင်း ပါယက်ဖွင့်ဟ

2 months ago
မာဆေးလ်အသင်းမှာကစားသမားဘဝဖြတ်သန်းနေတဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ဒီမီထရီ ပါယက်က ၂၀၁၇ ခုနှစ် ဝက်စ်ဟမ်းအသင်းက ထွက်ခွာချိန်မှာ မန်ယူအသင်းအပါအဝင် တခြားအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပါယက်ဟာ ၂၀၁၅ ခုနှစ်မှာတော့ မာဆေးလ်ကနေ ဝက်စ်ဟမ်းထံ ပေါင် ၁၀ သန်းနဲ့ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ပါယက်ဟာ အင်္ဂလန်မြေမှာတော့ ကာလတိုအတွင်း အသားကျခဲ့ပြီး ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ ၃၈ ပွဲကစားကာ ၁၂ ဂိုးသွင်းယူနိုင်ခဲ့သလို ကလပ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမာ...

လူငယ်အသင်းနည်းပြအဖြစ် ဘာစီလိုနာထံ ပြန်ရောက်ရှိလာတော့မယ့် မာရှေယာနို

2 months ago
ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း မာရှေယာနိုကတော့ မကြာခင်မှာ နူးကမ့်ကို ပြန်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ မာရှေယာနိုကို ဘာစီလိုနာ(B) အသင်း၊ ဒါမှမဟုတ် လူငယ်အသင်းကို ကိုင်တွယ်စေလိုတဲ့စိတ်ကူးနဲ့ ပြန်လည်ခေါ်ယူဖို့ ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။ကွင်းလယ်ခံစစ်သမားတစ်ယောက်ဖြစ်ပေမယ့် ဗဟိုခံစစ်မှာလည်း အကောင်းဆုံး အသုံးတော်ခံဖူးတဲ့ မာရှေယာနိုဟာ လက်ရှိမှာတော့ အာဂျင်တီးနား ယူ-၂၀ အသင်းရဲ့နည်းပြအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို သဘောတူခဲ့တာကြောင့် မကြာခင်မှာ ရောက်လာ...

အဲရစ်တန်ဟက်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်တဲ့ မန်ယူ

2 months ago
မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ကို လာမယ့်ဘောလုံးရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ နူတ်အားဖြင့်သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ The Athletic ရဲ့ David Ornstein က အခိုင်အမာပြောဆိုထားခဲ့တာဖြစ်ပါတယ်။ David Ornstein ရဲ့အဆိုအရ မန်ယူအသင်းဟာ အေဂျက်စ်အသင်းနဲ့ လျော်ကြေးငွေကိစ္စတွေ ညှိနှိုင်းဖို့သာကျန်တော့တာဖြစ်ပြီး လေးနှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။လာမယ့်လက်ရှိမှာ မန်ယူအသင်းကို ကိုင်တွယ်နေတဲ့ ယာယီနည်းပြ ရန်ဂ်နစ်ကတော့ လာမယ့်ဘောလုံးရာသီမှာ အကြံပေးတာဝန်ကို ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ အသ...

ရာသီကုန်ချိန်မှာ မန်စီးတီးက ထွက်ခွာတော့မယ့် ဖာနန်ဒင်ဟို

2 months ago
မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုကတော့ ယခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဖာနန်ဒင်ဟိုဟာ ၂၀၁၃-၁၄ ခုနှစ်မှာ ရှက်တာဒိုးနက်ကနေ မန်စီးတီးအသင်းထံရောက်လာခဲ့သူဖြစ်ပြီး ၉ ရာသီမြောက်ကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုရဲ့ အရေးပါမှုဟာ ဂွာဒီယိုလာလက်ထက်မှာ ပိုမိုထင်ရှားခဲ့ပြီး အရပ် ၆ ပေ မပြည့်ပေမယ့် အဓိက ဗဟိုနောက်ခံလူတွေမပါဝင်နိုင်ချိန်မှာ ဗဟိုခံစစ်မှာ အသုံးတော်ခံခဲ့သူဖြစ်ပါတယ်။ အသင်းက ထွက်ခွာမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖာနန်ဒင်ဟိုက အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်ပါဘူး။ ကျွန်တော်ဘရ...